ရိုက်ကွင်းရောက်မှ ဒီကားမှာ မင်းမပါဘူးဆိုတဲ့ စကားက အများကြီး ခံစားရတယ်လို့ ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ သရုပ်ဆောင် မောင်မောင်မျိုးသန့်
ဇာတ်ပို့သရုပ်ဆောင်မောင်မောင်မျိုးသန့်ကတော့အကောင်းဆုံးသရုပ်ဆောင်ချက်များနဲ့ကျရာဇာတ်ကောင်တွေမှာအပီပြင်ဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်များရဲ့တခဲနက်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင် ဇာတ်ပို့သရုပ်ဆောင်မောင်မောင်မျိုးသန့်က အနုပညာသက်တမ်းတစ်လျောက်မှာ ညီအကိုလိုခင်မင်တဲ့ ဒါရိုက်တာတစ်ယောက်ဆီက စော်ကားတာခံလိုက်ရတဲ့အကြောင်းကိုအခုလိုပြန်လည် ရင်ဖွင့်လာခဲ့ပါတယ်နော်။
ဇာတ်ပို့သရုပ်ဆောင်မောင်မောင်မျိုးသန့်က အနုပညာသက်တမ်းတစ်လျှောက်မှာ ခင်မင်ရင်းနီးခဲ့တဲ့သူတွေအများကြီးရှိပါတယ်၊ ကိုယ်နဲ့ညီအစ်ကိုတွေလိုပဲ သူတို့ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးရတဲ့ဇာတ်ကားတွေမှာ ကျွန်တော်မပါဘူး၊
ကိုယ့်ကိုယ်ကိုယ်မပါဘူးဆိုတာလဲမသိဘူး၊ ဟိုရောက်မှကိုမျိုးသန့်မပါဘူး ထားစရာနေရာမရှိလို့တဲ့၊ သူတို့ကိုယ်တိုင်ကအဲလိုပြောလိုက်တော့ အရမ်းဝမ်းနည်းသွားတယ်၊
ရိုက်ကွင်းရောက်မှ ဒီကားမှာမင်းမပါဘူးဆိုတဲ့စကားက အများကြီးခံစားရတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
Zawgyi;
ခရက်ဒစ်