သွားရေးလာရေးခက်ခဲတဲ့ ရွာလေးတစ်ရွာမှာ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ကြိုးစားရိုက်ကူးခဲ့ရပုံကို ပြသလာတဲ့ သဇင်ထူးမြင့်

ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ တက်သစ်စသရုပ်ဆောင်လေး သဇင်ထူးမြင့်ဟာဆိုရင် ပရိသတ်ကြီးသိပြီးသားအတိုင်း သရုပ်ဆောင်ခင်လှိုင်ရဲ့သမီးဖြစ်ပြီး ဖခင်ဖြစ်သူဆီက အနုပညာအမွေတွေကိုရရှိထားတာပဲဖြစ်ပါတယ်။ သဇင်ထူးမြင့်ဟာဆိုရင် အကယ်ဒမီရွှေကြိုဗန်းကိုင်တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ပရိသတ်လက်ခံအားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သဇင်ထူးမြင့်က သူမရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကို မျှဝေလာပါတယ်။ သဇင်ထူးမြင့်က သွားရေးလာရေးခက်ခဲတဲ့ ရွာလေးတစ်ရွာမှာ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ကြိုးစားရိုက်ကူးခဲ့ရပုံကို ဗီဒီယိုလေးနဲ့တကွ ပရိသတ်တွေကြည့်ရှုရအောင် တင်ဆက်ပေးလာခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

သဇင်ထူးမြင့်ကတော့ “ချစ်သောအတာ” ဇာတ်လမ်းတွဲက ကြိုးစားပန်းစားရိုက်ကူးပေးခဲ့တာကို ဗီဒီယိုလေးမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သဇင်ထူးမြင့်သရုပ်ဆောင်ထားတဲ့ “ချစ်သောအတာ” ဇာတ်လမ်းတွဲလေးထွက်ရှိလာရင် အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thazin Htoo Myint ‘s fb

Zawgyi;







By lulin

Leave a Reply

Your email address will not be published. Required fields are marked *