သားတွေကတောင် ပြန်ငေးကြည့်ရတဲ့အထိ ကစားကွင်းမှာ ကလေးဆန်ဆန်ကစားခဲ့တဲ့အမှတ်တရကိုမျှဝေလာတဲ့ မိုးယုစံ
အလှမယ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ မိုးယုစံကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရာနဲ့ချီရိုက်ကူးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ်သာမက နှင်းဆီအဖွဲ့မှာလည်း အငြိမ့်မင်းသမီးတစ်ယောက်အဖြစ် ဆောင်ရွက်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးယုစံက အနုပညာလှုပ်ရှားမှုတွေရပ်နားထားတာကို တွေ့ရပါတယ်။
ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ သူမကိုယ်တိုင် ကလေးအမေဖြစ်နေပေမယ့် ကလေးစိတ်မကုန်သေးတဲ့အကြောင်းကို ပြောလာပါတယ်။ မိုးယုစံက ကစားကွင်းမှာ သားကြီးကောင်းသိင်္ခမိုးသူကတောင် ငေးကြည့်ရတဲ့အထိ အဆော့သန်ခဲ့ပုံကို ဗီဒီယိုလေးနဲ့တကွ အခုလိုပဲ ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။
မိုးယုစံကတော့ ကလေးအမေဖြစ်မှ ကလေးပြန်ဖြစ်နေတဲ့ သူမကိုယ်သူမ အရွှန်းဖောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးယုစံရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။
Source: Moe Yu San ‘s fb
Zawgyi;
သားေတြကေတာင္ ျပန္ေငးၾကည့္ရတဲ့အထိ ကစားကြင္းမွာ ကေလးဆန္ဆန္ကစားခဲ့တဲ့အမွတ္တရကိုမွ်ေဝလာတဲ့ မိုးယုစံ
အလွမယ္တစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ မိုးယုစံကေတာ့ ဗီဒီယိုဇာတ္ကားေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြကို ရာနဲ႔ခ်ီ႐ိုက္ကူးခဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္သာမက ႏွင္းဆီအဖြဲ႕မွာလည္း အၿငိမ့္မင္းသမီးတစ္ေယာက္အျဖစ္ ေဆာင္႐ြက္ခဲ့ေသးတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မိုးယုစံက အႏုပညာလႈပ္ရွားမႈေတြရပ္နားထားတာကို ေတြ႕ရပါတယ္။
ခ်စ္စရာေကာင္းတဲ့ သားေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ မိုးယုစံဟာ သူမကိုယ္တိုင္ ကေလးအေမျဖစ္ေနေပမယ့္ ကေလးစိတ္မကုန္ေသးတဲ့အေၾကာင္းကို ေျပာလာပါတယ္။ မိုးယုစံက ကစားကြင္းမွာ သားႀကီးေကာင္းသိခၤမိုးသူကေတာင္ ေငးၾကည့္ရတဲ့အထိ အေဆာ့သန္ခဲ့ပုံကို ဗီဒီယိုေလးနဲ႔တကြ အခုလိုပဲ ျပသလာခဲ့တာပဲ ျဖစ္ပါတယ္။
မိုးယုစံကေတာ့ ကေလးအေမျဖစ္မွ ကေလးျပန္ျဖစ္ေနတဲ့ သူမကိုယ္သူမ အ႐ႊန္းေဖာက္လာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း မိုးယုစံရဲ႕ ဗီဒီယိုေလးကိုၾကည့္ၿပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။
Source: Moe Yu San ‘s fb