ငွေကြေးစုဆောင်းခြင်းဟာ ပြောရလွယ်သလောက် အမှန်တကယ်လုပ်ဆောင်ဖို့ ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
ငွေစုဆောင်းဖို့ ရည်ရွယ်ထားပေမယ့် တစ်ပြားတစ်ချပ်မှ အဖတ်မတင်ပဲ ကုန်သွားလို့ စိတ်ညစ်နေရင် အောင်မြင်စွာ ငွေစုဆောင်းနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
ပေးစရာရှိတဲ့ အကြွေးတွေကို အရင်ဆပ်ပါ
ပြနလည်ပေးဆပ်ရမယ့် ကြွေးမြီတွေရှိနေရင် ငွေစုဆောင်းဖြစ်ဖို့က မလွယ်ပါဘူး။ အကြွေးတွေဟာ ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေစုဆောင်းဖို့ ဆုံးဖြတ်ပြီးရင် အရင်ဆုံးလုပ်ရမှာက ပေးစရာရှိတဲ့ အကြွေးတွေကို အရင်ကျေအောင် ဆပ်ပါ။
အသုံးစရိတ်တွေကို မှတ်တမ်းလုပ်ပါ
ငွေစုဆောင်းတော့မယ်ဆိုရင် သင့်ရဲ့ လစဉ်အသုံးစရိတ်ဘယ်လောက်ရှိလဲဆိုတာ အရင်သိထားဖို့ လိုပါတယ်။ ဥပမာ – စားစရိတ်၊ လမ်းစရိတ်၊ အဝတ်အစားဝယ်၊ မီတာခ၊ ရေခ၊ ကလေးမုန့်ဖိုး၊ အာမခံကြေး၊ လောင်စာဆီဖိုး စသဖြင့် ဘယ်အကြောင်းအရာအတွက် ဘယ်လောက် ကုန်ကျမှုရှိတယ်ဆိုတာ မှတ်သားထားပါ။ ဒါမှသာ စုဆောင်းဖို့ ငွေပိုငွေလျှံ ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာ သိနိုင်မှာပါ။
ငွေစုဖို့ ဘတ်ဂျတ်သတ်မှတ်ပါ
သင့်ရဲ့ အသုံးစရိတ်တွေကို သိပြီဆိုရင် အသုံးစရိတ်တွေကို ဖယ်ပြီး ငွေဘယ်လောက် စုဆောင်မလဲဆိုတာကို သတ်မှတ်ပါ။
နည်းနည်းချင်းစီကနေ စတင်ပါ
ငွေစုဆောင်းချင်ပေမယ့် မစုဖြစ်ကြသူတွေ လုပ်မိတတ်တဲ့အမှားတစ်ခုက ပမာဏများများနဲ့ စတင်စုဆောင်းကြတာပဲ ဖြစ်ပါတယ်။ ငွေကို စတင်စုဆောင်းရာမှာ လျှော့သုံးလိုက်ရင်လည်း မသိသာတဲ့ ပမာဏလောက်ကနေပဲ စတင်သင့်ပါတယ်။ တစ်လကို ၅၀၀၀/၁၀၀၀၀ လောက်က စတာ အကောင်းဆုံးပါပဲ။
အသုံးစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေပါ
အသုံးစရိတ်နည်းလေလေ၊ ငွေကို ပိုပြီးစုဆောင်းနိုင်လေလေပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ အသုံးစရိတ်တွေထဲက မလိုအပ်တာတွေကို လျှော့ချနိုင်ဖို့ ကြိုးစားပါ။ မဖြစ်မနေကုန်ကျမယ့် အသုံးစရိတ်တွေကိုလည်း အကုန်အကျသက်သာမယ့် နည်းလမ်းတွေကို ရှာဖွေအသုံးချပါ။
ငွေစုဆောင်းရတဲ့ ရည်မှန်းချက် သတ်မှတ်ပါ
ငွေစုဆောင်းတဲ့အခါမှာ ရည်မှန်းချက်သတ်မှတ်ပြီး စုဆောင်းတာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ သင့်ရဲ့ စုဆောင်းငွေကို ဘာအတွက် စုဆောင်းတာလဲ၊ ဘယ်လောက်ရလောက် စုဆောင်းမှာလဲ၊ အချိန်ဘယ်လောက်ကြာအောင် စုဆောင်းမှာလဲ စသဖြင့် ရည်မှန်းချက်တွေ သတ်မှတ်ထားပါ။
အရင်ဆုံးစုပါ
ငွေစုဆောင်းသူတွေ လုပ်တတ်ကြတဲ့ နောက်ထပ်အမှားတစ်ခုက သုံးလို့ ပိုတဲ့ ငွေကိုစုဖို့ စိတ်ကူးတာပဲဖြစ်ပါတယ်။ သုံးစရာရှိတာတွေသုံးပြီးမှ ပိုတဲ့ငွေကို စုမယ်ဆိုရင် ဘယ်တော့မှ စုဖြစ်တော့မှာ မဟုတ်တော့ပါဘူ။ ဒါ့ကြောင့် ဝင်ငွေရပြီဆိုတာနဲ့ စုဆောင်းဖို့ ရည်ရွယ်ထားတဲ့ ပမာဏကို အရင်ဆုံး စုငွေစာရင်းထဲ ထည့်ထားလိုက်ပါ။
ဝင်ငွေတိုးလာအောင် လုပ်ပါ
ဝင်ငွေပိုများလေလေ၊ အသုံးစရိတ်အများကြီးဖြတ်တောက်လျှော့ချစရာမလိုပဲ ငွေပိုစုနိုင်လေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေတိုးလာစေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ သင့်ရဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး ဘေးပေါက်အလုပ်တစ်ခုခုလုပ်ပါ။ လုပ်ငန်းခွင်ထဲမှာ ရာထူးလစာတိုးလာအောင် ကြိုးစားပါ။
Credit Gentleman Magazine
Photo Credit-Pinterest
Zawgyi;
ေငြေၾကးစုေဆာင္းျခင္းဟာ ေျပာရလြယ္သေလာက္ အမွန္တကယ္လုပ္ေဆာင္ဖို႔ ခက္ခဲတဲ့ ကိစၥတစ္ခု ျဖစ္ပါတယ္။
ေငြစုေဆာင္းဖို႔ ရည္႐ြယ္ထားေပမယ့္ တစ္ျပားတစ္ခ်ပ္မွ အဖတ္မတင္ပဲ ကုန္သြားလို႔ စိတ္ညစ္ေနရင္ ေအာင္ျမင္စြာ ေငြစုေဆာင္းႏိုင္မယ့္ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။
ေပးစရာရွိတဲ့ အေႂကြးေတြကို အရင္ဆပ္ပါ
ျပနလည္ေပးဆပ္ရမယ့္ ေႂကြးၿမီေတြရွိေနရင္ ေငြစုေဆာင္းျဖစ္ဖို႔က မလြယ္ပါဘူး။ အေႂကြးေတြဟာ ေငြေၾကးဆိုင္ရာဝန္ထုပ္ဝန္ပိုးလည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေငြစုေဆာင္းဖို႔ ဆုံးျဖတ္ၿပီးရင္ အရင္ဆုံးလုပ္ရမွာက ေပးစရာရွိတဲ့ အေႂကြးေတြကို အရင္ေက်ေအာင္ ဆပ္ပါ။
အသုံးစရိတ္ေတြကို မွတ္တမ္းလုပ္ပါ
ေငြစုေဆာင္းေတာ့မယ္ဆိုရင္ သင့္ရဲ႕ လစဥ္အသုံးစရိတ္ဘယ္ေလာက္ရွိလဲဆိုတာ အရင္သိထားဖို႔ လိုပါတယ္။ ဥပမာ – စားစရိတ္၊ လမ္းစရိတ္၊ အဝတ္အစားဝယ္၊ မီတာခ၊ ေရခ၊ ကေလးမုန႔္ဖိုး၊ အာမခံေၾကး၊ ေလာင္စာဆီဖိုး စသျဖင့္ ဘယ္အေၾကာင္းအရာအတြက္ ဘယ္ေလာက္ ကုန္က်မႈရွိတယ္ဆိုတာ မွတ္သားထားပါ။ ဒါမွသာ စုေဆာင္းဖို႔ ေငြပိုေငြလွ်ံ ဘယ္ေလာက္ထိ ရွိႏိုင္မလဲဆိုတာ သိႏိုင္မွာပါ။
ေငြစုဖို႔ ဘတ္ဂ်တ္သတ္မွတ္ပါ
သင့္ရဲ႕ အသုံးစရိတ္ေတြကို သိၿပီဆိုရင္ အသုံးစရိတ္ေတြကို ဖယ္ၿပီး ေငြဘယ္ေလာက္ စုေဆာင္မလဲဆိုတာကို သတ္မွတ္ပါ။
နည္းနည္းခ်င္းစီကေန စတင္ပါ
ေငြစုေဆာင္းခ်င္ေပမယ့္ မစုျဖစ္ၾကသူေတြ လုပ္မိတတ္တဲ့အမွားတစ္ခုက ပမာဏမ်ားမ်ားနဲ႔ စတင္စုေဆာင္းၾကတာပဲ ျဖစ္ပါတယ္။ ေငြကို စတင္စုေဆာင္းရာမွာ ေလွ်ာ့သုံးလိုက္ရင္လည္း မသိသာတဲ့ ပမာဏေလာက္ကေနပဲ စတင္သင့္ပါတယ္။ တစ္လကို ၅၀၀၀/၁၀၀၀၀ ေလာက္က စတာ အေကာင္းဆုံးပါပဲ။
အသုံးစရိတ္ ေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းေတြ ရွာေဖြပါ
အသုံးစရိတ္နည္းေလေလ၊ ေငြကို ပိုၿပီးစုေဆာင္းႏိုင္ေလေလပါပဲ။ ဒါ့ေၾကာင့္ သင့္ရဲ႕ အသုံးစရိတ္ေတြထဲက မလိုအပ္တာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးစားပါ။ မျဖစ္မေနကုန္က်မယ့္ အသုံးစရိတ္ေတြကိုလည္း အကုန္အက်သက္သာမယ့္ နည္းလမ္းေတြကို ရွာေဖြအသုံးခ်ပါ။
ေငြစုေဆာင္းရတဲ့ ရည္မွန္းခ်က္ သတ္မွတ္ပါ
ေငြစုေဆာင္းတဲ့အခါမွာ ရည္မွန္းခ်က္သတ္မွတ္ၿပီး စုေဆာင္းတာက အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္။ သင့္ရဲ႕ စုေဆာင္းေငြကို ဘာအတြက္ စုေဆာင္းတာလဲ၊ ဘယ္ေလာက္ရေလာက္ စုေဆာင္းမွာလဲ၊ အခ်ိန္ဘယ္ေလာက္ၾကာေအာင္ စုေဆာင္းမွာလဲ စသျဖင့္ ရည္မွန္းခ်က္ေတြ သတ္မွတ္ထားပါ။
အရင္ဆုံးစုပါ
ေငြစုေဆာင္းသူေတြ လုပ္တတ္ၾကတဲ့ ေနာက္ထပ္အမွားတစ္ခုက သုံးလို႔ ပိုတဲ့ ေငြကိုစုဖို႔ စိတ္ကူးတာပဲျဖစ္ပါတယ္။ သုံးစရာရွိတာေတြသုံးၿပီးမွ ပိုတဲ့ေငြကို စုမယ္ဆိုရင္ ဘယ္ေတာ့မွ စုျဖစ္ေတာ့မွာ မဟုတ္ေတာ့ပါဘူ။ ဒါ့ေၾကာင့္ ဝင္ေငြရၿပီဆိုတာနဲ႔ စုေဆာင္းဖို႔ ရည္႐ြယ္ထားတဲ့ ပမာဏကို အရင္ဆုံး စုေငြစာရင္းထဲ ထည့္ထားလိုက္ပါ။
ဝင္ေငြတိုးလာေအာင္ လုပ္ပါ
ဝင္ေငြပိုမ်ားေလေလ၊ အသုံးစရိတ္အမ်ားႀကီးျဖတ္ေတာက္ေလွ်ာ့ခ်စရာမလိုပဲ ေငြပိုစုႏိုင္ေလ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဝင္ေငြတိုးလာေစမယ့္ နည္းလမ္းေတြကို ရွာေဖြပါ။ သင့္ရဲ႕ ကြၽမ္းက်င္မႈကို အသုံးခ်ၿပီး ေဘးေပါက္အလုပ္တစ္ခုခုလုပ္ပါ။ လုပ္ငန္းခြင္ထဲမွာ ရာထူးလစာတိုးလာေအာင္ ႀကိဳးစားပါ။
Credit Gentleman Magazine
Photo Credit-Pinterest