ရန်ကုန်မြို့မှာ မုန့်ဟင်းခါးဆိုင်ဖွင့်ပြီး နှစ်လအတွင်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဆိုင်ခွဲထပ်မံဖွင့်လှစ်နိုင်ခဲ့တဲ့ ရဲလေးမ

သရုပ်ဆောင် ရဲလေးမကတော့ ချစ်စရာကောင်းပြီး စွာတေးလန်တဲ့ မိန်းမလျာဇာတ်ရုပ်တွေမှာ အများဆုံးပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ရဲလေးမဟာ သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့် စားဝတ်နေရေးအတွက် သမာအာဇီဝအလုပ်တွေကိုလည်း မရှက်မကြောက်လုပ်ကိုင်တတ်တဲ့ ရဲလေးမဟာ သူကိုယ်တိုင်ချက်ပြုတ်တဲ့ မုန့်ဟင်းခါးကို အွန်လိုင်းပေါ်ကနေတဆင့်ရောင်းချခဲ့ရာ ထိုကနေမှတဆင့် ဆိုင်ခန်းနဲ့ရောင်းချနိုင်တဲ့အထိ အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်းကပဲ ရန်ကုန်မြို့မှာ မုန့်ဟင်းခါးဆိုင်ဖွင့်လှစ်နိုင်ခဲ့တဲ့ ရဲလေးမဟာ မနေ့က မတ်လ (၉) ရက်နေ့မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မုန့်ဟင်းခါးဆိုင်တစ်ဆိုင်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။

ရဲလေးမက “မြစ်ကြီးနား မြို့မြေမြင့်ရပ်ကွတ်လမ်းသွယ်တစ်ဆယ်မနတ်ဈေးအနီးမှာ ရဲလေးမမုန့်ဟင်းခါးဆိုင်ခွဲလေးထပ်မံဖွင့်လှစ်ထားပါတယ်နော်။ ဖွင့်ပွဲလေးမှာတက်ရောက်ချီးမြင့်အားပေးကြတဲ့ ချစ်သောမိတ်ဆွေများကို

ကျေးဇူးတင်ပါကြောင်းနဲ့ ကောင်းသည်ထက်ကောင်းအောင်ကြိုးစားနေမယ့်ရဲလေးမမုန့်ဟင်းခါးပါလို့ပြောရင်း ဆက်လက်ရှင်သန်မယ်ရဲလေးမမုန်ဟင်းခါးပါနော်။ အားလုံးကိုချစ်ပါတယ်💋💋💋”” ဆိုပြီး ပြောလာပါတယ်။

ရဲလေးမကတော့ လပိုင်းအတွင်းမှာပဲ မုန့်ဟင်းခါးဆိုင်လေးကို ဆိုင်ခွဲဖွင့်လှစ်နိုင်တဲ့အထိ လုပ်ငန်းတွေတိုးချဲ့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရဲလေးမတစ်ယောက် မြန်မာပြည်အနှံ့မှာ ဆိုင်ခွဲတွေအများကြီးထပ်မံဖွင့်လှစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi;





ခရက်ဒစ်

By lulin

Leave a Reply

Your email address will not be published. Required fields are marked *