စွန့်ပစ်ဘီယာဘူးခွံ၊ ရေသန့်ဘူးခွံတွေ အသုံးပြုပြီး ကား၊ ဆိုင်ကယ်၊ လေယာဉ်ပျံ ၊ အစရှိတဲ့ပုံစံငယ်လေးတွေ ပြုလုပ်ဖန်တီးနိုင်ခဲ့တဲ့ လူငယ်တစ်ဦး
တကယ်ဖြစ်လာတဲ့စိတ်ကူးအိမ်မက်
အမှိုက်ကောက်တဲ့ ကောင်လေးလို့ သူငယ်ချင်းတွေ စကြပေမယ့် စိတ်မဆိုးပဲ ဘီယာဘူးခွံတွေလိုမျိုး စွန့်ပစ်ပစ္စည်း အမှိုက်တွေကနေ ဆန်းသစ်လှပတဲ့ ကား၊ ဆိုင်ကယ်၊လေယာဉ်ပျံ ၊ အစရှိတဲ့ ပုံစံငယ်လေးတွေအဖြစ် သူဝါသနာပါရာ ဖန်တီးပြုလုပ်နေတဲ့သူကတော့ ကိုဘုန်းနိုင်ဝင်းပဲ ဖြစ်ပါတယ်။
ငယ်ငယ်က တွံတေး- ဒလ ၁၆ကျပ်နဲ့စီးခဲ့ဘူးတဲ့ အမိုးတပ် Willys Jeep ကားလေးတွေ၊ တစ်ထွာခန့် အမြင့်ရှိတဲ့ ၃၉ ဗိုက်ပူ ကားကြီးတွေနဲ့ချက် ဗ လက် ၊ ဖို့ဒ် ခေါင်း ရှည် စစ်လက်ကျန် ကား တွေ ၊ ဆိုင်ကယ် ၊ ဒိုင်နာ ကုန်တင်ကားကြီးတွေ၊ သုံးဘီး လေးတွေနဲ့ တွဲကားအရှည်ကြီးတွေကို သူဖန်တီးခဲ့ပြီးပါပြီ ။
သံဖြတ် ကတ်ကြေးတွေ၊ ဓား၊ ပလက်ယာ၊ ဝက်အူလှည့် တွေကိုသာ အသုံးပြုထားတာဖြစ်လို့ အရမ်းလည်း လက်ဝင်ပြီး အနုစိတ်ပါတယ်။
ကားထဲက ထိုင်ခုံလေးတွေက ဘယ်သူမှ မထိုင်ပါဘူး…ဒါပေမယ့် သူကတော့ မီးလုံးတွေ ကားလက်တန်း၊စတီယာတိုင်တွေ အားလုံးကိုမကျိုးပဲ့ အောင် ဝါသနာအရင်းခံပြီး သေချာခိုင်ခန့်အောင်လုပ်ထားတာပါ ။
သူဟာ ပုံစံငယ်တည်ဆောက်မှုကို စနစ်တကျ သင်ယူထားသူမဟုတ်ဘဲ သူ့စိတ်ကူးအိမ်မက်တွေကြောင့်သာ ဖန်တီးနေသူလည်း ဖြစ်ပါတယ်။
crd,..
Zawgyi;
စြန႔္ပစ္ဘီယာဘူးခြံ၊ ေရသန႔္ဘူးခြံေတြ အသုံးျပဳၿပီး ကား၊ ဆိုင္ကယ္၊ ေလယာဥ္ပ်ံ ၊ အစရွိတဲ့ပုံစံငယ္ေလးေတြ ျပဳလုပ္ဖန္တီးႏိုင္ခဲ့တဲ့ လူငယ္တစ္ဦး
တကယ္ျဖစ္လာတဲ့စိတ္ကူးအိမ္မက္
အမႈိက္ေကာက္တဲ့ ေကာင္ေလးလို႔ သူငယ္ခ်င္းေတြ စၾကေပမယ့္ စိတ္မဆိုးပဲ ဘီယာဘူးခြံေတြလိုမ်ိဳး စြန႔္ပစ္ပစၥည္း အမႈိက္ေတြကေန ဆန္းသစ္လွပတဲ့ ကား၊ ဆိုင္ကယ္၊ေလယာဥ္ပ်ံ ၊ အစရွိတဲ့ ပုံစံငယ္ေလးေတြအျဖစ္ သူဝါသနာပါရာ ဖန္တီးျပဳလုပ္ေနတဲ့သူကေတာ့ ကိုဘုန္းႏိုင္ဝင္းပဲ ျဖစ္ပါတယ္။
ငယ္ငယ္က တြံေတး- ဒလ ၁၆က်ပ္နဲ႔စီးခဲ့ဘူးတဲ့ အမိုးတပ္ Willys Jeep ကားေလးေတြ၊ တစ္ထြာခန႔္ အျမင့္ရွိတဲ့ ၃၉ ဗိုက္ပူ ကားႀကီးေတြနဲ႔ခ်က္ ဗ လက္ ၊ ဖို႔ဒ္ ေခါင္း ရွည္ စစ္လက္က်န္ ကား ေတြ ၊ ဆိုင္ကယ္ ၊ ဒိုင္နာ ကုန္တင္ကားႀကီးေတြ၊ သုံးဘီး ေလးေတြနဲ႔ တြဲကားအရွည္ႀကီးေတြကို သူဖန္တီးခဲ့ၿပီးပါၿပီ ။
သံျဖတ္ ကတ္ေၾကးေတြ၊ ဓား၊ ပလက္ယာ၊ ဝက္အူလွည့္ ေတြကိုသာ အသုံးျပဳထားတာျဖစ္လို႔ အရမ္းလည္း လက္ဝင္ၿပီး အႏုစိတ္ပါတယ္။
ကားထဲက ထိုင္ခုံေလးေတြက ဘယ္သူမွ မထိုင္ပါဘူး…ဒါေပမယ့္ သူကေတာ့ မီးလုံးေတြ ကားလက္တန္း၊စတီယာတိုင္ေတြ အားလုံးကိုမက်ိဳးပဲ့ ေအာင္ ဝါသနာအရင္းခံၿပီး ေသခ်ာခိုင္ခန႔္ေအာင္လုပ္ထားတာပါ ။
သူဟာ ပုံစံငယ္တည္ေဆာက္မႈကို စနစ္တက် သင္ယူထားသူမဟုတ္ဘဲ သူ႔စိတ္ကူးအိမ္မက္ေတြေၾကာင့္သာ ဖန္တီးေနသူလည္း ျဖစ္ပါတယ္။
crd,