မြွေယောင်ဆောင်တတ်သော အံ့သြဖွယ် လိပ်ပြာ
(Dolores Rondan ၏ postအား ဆီလျော်အောင်ဘာသာပြန်ထားပါသည်။)
ကမ္ဘာ့အကြီးဆုံးလိပ်ပြာများထဲမှတစ်ခုအဖြစ်လည်း သတ်မှတ်ခံရသည်။ Attacus Atlas သည်
မလေးရှားသစ်တောမှ ဆင်းသက်လာပြီး ပျမ်းမျှအားဖြင့် ၃၀စင်တီမီတာ ခန့်ရှိသည်။
သာမာန်လိပ်ပြာထက် ပျမ်းမျှသုံးဆပိုကြီးသည်။ဤလိပ်ပြာ၏ထူးခြားချက်တစ်ခုမှာ
အစာနှင့်အာဟာရဓာတ်များကို သားပေါက်အဆင့်တွင်သာစားသုံးခြင်းဖြစ်သည်။
အရွယ်ရောက်နေတဲ့ Attacus Atlas လိပ်ပြာများသည် ၎င်း၏ပါးစပ်ကိုပိတ်ထားသည်၊
ထို့ကြောင့် လိပ်ပြာ၏ ဘ ၀ တစ်လျှောက်မည်သည့်အစာမှ စားမည်မဟုတ်သောကြောင့် ၎င်းတို့သည် နှစ်ပတ်နီးပါးသာအသက်ရှင်ကြသည်။
ဤနည်းအားဖြင့် ၎င်း လိပ်ပြာများသည် ခူသားပေါက်များ အတွက် အသက်အနစ်နာခံခဲ့ကြသည်။
ခူကောင်အဆင့်Caterpillars များသည် Muntingia calabura, Annona muricata Cinnamomum verum, Nephelium lappaceum နှင့် Citrus ကဲ့သို့ အရွက်များပေါ်တွင်အစာစားကြသည်။
သားလောင်းအကောင်ငယ်( Atlas Moth Caterpillar) ၁၁.၅ စင်တီမီတာ ထိရှည်နိုင်ပြီးစိမ်းပြာရောင် ရှိသည်။ Youth Caterpillars များကိုအဖြူရောင်အမြုတေ ဖြင့်ဖုံးထားသည်။
ဝမ်းဗိုက်အပြင်ဘေး တစ်ဖက်တစ်ချက်စီ၌ လိမ္မော်ရောင်ဖြင့်ဝန်းရံထားသော အစိမ်းရောင်အစက်ရှိသည်။
ရန်သူ(သို့မဟုတ်) အခြားသက်ရှိတစ်ကောင်နဲ့ တွေ့လျှင် ရန်ပြုမှုကို ကာကွယ်ရန် သူ့ရဲ့အဆောင်ပံတွေကို မွေပုံစံပြောင်းလဲထားတတ်သည်။
ခရက်ဒစ်
Zawgyi;
ေႁမြေယာင္ေဆာင္တတ္ေသာ အံ့ၾသဖြယ္ လိပ္ျပာ
(Dolores Rondan ၏ postအား ဆီေလ်ာ္ေအာင္ဘာသာျပန္ထားပါသည္။)
ကမာၻ႔အႀကီးဆုံးလိပ္ျပာမ်ားထဲမွတစ္ခုအျဖစ္လည္း သတ္မွတ္ခံရသည္။ Attacus Atlas သည္
မေလးရွားသစ္ေတာမွ ဆင္းသက္လာၿပီး ပ်မ္းမွ်အားျဖင့္ ၃၀စင္တီမီတာ ခန႔္ရွိသည္။
သာမာန္လိပ္ျပာထက္ ပ်မ္းမွ်သုံးဆပိုႀကီးသည္။ဤလိပ္ျပာ၏ထူးျခားခ်က္တစ္ခုမွာ
အစာႏွင့္အာဟာရဓာတ္မ်ားကို သားေပါက္အဆင့္တြင္သာစားသုံးျခင္းျဖစ္သည္။
အ႐ြယ္ေရာက္ေနတဲ့ Attacus Atlas လိပ္ျပာမ်ားသည္ ၎၏ပါးစပ္ကိုပိတ္ထားသည္၊
ထို႔ေၾကာင့္ လိပ္ျပာ၏ ဘ ၀ တစ္ေလွ်ာက္မည္သည့္အစာမွ စားမည္မဟုတ္ေသာေၾကာင့္ ၎တို႔သည္ ႏွစ္ပတ္နီးပါးသာအသက္ရွင္ၾကသည္။
ဤနည္းအားျဖင့္ ၎ လိပ္ျပာမ်ားသည္ ခူသားေပါက္မ်ား အတြက္ အသက္အနစ္နာခံခဲ့ၾကသည္။
ခူေကာင္အဆင့္Caterpillars မ်ားသည္ Muntingia calabura, Annona muricata Cinnamomum verum, Nephelium lappaceum ႏွင့္ Citrus ကဲ့သို႔ အ႐ြက္မ်ားေပၚတြင္အစာစားၾကသည္။
သားေလာင္းအေကာင္ငယ္( Atlas Moth Caterpillar) ၁၁.၅ စင္တီမီတာ ထိရွည္ႏိုင္ၿပီးစိမ္းျပာေရာင္ ရွိသည္။ Youth Caterpillars မ်ားကိုအျဖဴေရာင္အျမဳေတ ျဖင့္ဖုံးထားသည္။
ဝမ္းဗိုက္အျပင္ေဘး တစ္ဖက္တစ္ခ်က္စီ၌ လိေမၼာ္ေရာင္ျဖင့္ဝန္းရံထားေသာ အစိမ္းေရာင္အစက္ရွိသည္။
ရန္သူ(သို႔မဟုတ္) အျခားသက္ရွိတစ္ေကာင္နဲ႔ ေတြ႕လွ်င္ ရန္ျပဳမႈကို ကာကြယ္ရန္ သူ႔ရဲ႕အေဆာင္ပံေတြကို ေမြပုံစံေျပာင္းလဲထားတတ္သည္။
ခရက္ဒစ္