ဘဝမှာအမှတ်တရဖြစ်နေမယ့် မင်္ဂလာပွဲနေ့လေးမှာ ကိုယ်ပိုင်သီဆိုထားတဲ့ သီချင်းလေးနဲ့ ပွဲထွက်ခဲ့တဲ့အမှတ်တရလေးကို မျှဝေလာတဲ့ မြတ်သူသူ
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးလေးမြတ်သူသူကတော့ ဇာတ်လမ်းတွဲတွေမှာ မတူညီတဲ့ကာရိုက်တာတွေ သရုပ်ဆောင်ရင်း အောင်မြင်မှုရရှိလာခဲ့တာပဲဖြစ်ပါတယ်။ သူမသရုပ်ဆောင်ခဲ့တဲ့ “ဝင်္ဂပါစံအိမ်”၊ “ပျားရည်အိုင်”၊ “တို့မမနဲ့တို့”၊ “အေးရိပ်ငြိမ်” စတဲ့ ဇာတ်လမ်းတွဲတွေက တူညီမှုမရှိသလို သူမရဲ့ အနုပညာစွမ်းရည်ဟာလည်း ပရိသတ်တွေအတွက် ချီးကျူးဖွယ်ရာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
မြတ်သူသူကတော့ ပြီးခဲ့တဲ့ မတ်လ (၁၁) ရက်နေ့မှာပဲ လက်ထပ်သွားခဲ့တာဖြစ်ပြီး သူမရဲ့ တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် မြတ်သူသူက သူမကိုယ်တိုင်သီဆိုထားတဲ့ “မရှိမဖြစ်” ဆိုတဲ့ သီချင်းလေးနဲ့ ပွဲထွက်ခဲ့တာကိုလည်း အခုလိုပဲ တွေ့ရပါတယ်။
မြတ်သူသူကတော့ ဘဝမှာအမှတ်တရဖြစ်နေမယ့် မင်္ဂလာပွဲနေ့လေးမှာ ကိုယ်ပိုင်သီဆိုထားတဲ့ သီချင်းလေးနဲ့ ပွဲထွက်ခဲ့တဲ့အမှတ်တရလေးကို ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ မြတ်သူသူတစ်ယောက် ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးမှာ သားသားမီးမီးလေးတွေအများကြီးမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Myat Thu Thu ‘s fb
Zawgyi;
Source: Myat Thu Thu ‘s fb