အိမ်မက်အမျိုးမျိုး ရှိပါတယ်။ တစ်ချို့အိမ်မက်တွေက ရှေ့မှာဖြစ်လာတော့မယ့် အရာတွေကို နိမိတ်ပြတဲ့အိမ်မက်မျိုးတွေရှိပါတယ်။ ဒီလိုအရာတွေကို မယုံကြည်တဲ့ လူမျိုးတွေရှိကောင်းရှိနိုင်ပေမယ့် အပြင်မှာတကယ်လည်းဖြစ်ခဲ့၊ ရှိခဲ့တယ်ဆိုတဲ့ သာဓကတွေ
အများကြီးရှိပါတယ်။ ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက်မျိုးတွေ မက် လေ့ရှိလဲဆိုတာကို ချစ်ပရိတ်သတ်ကြီးအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ “နို့ (ဒါမှမဟုတ်) ပျားရည် ”အိမ်မက်ထဲမှာ နို့တွေကိုမက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာမျိုးက မကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့
နိမိတ်ပါပဲ။ ဥပမာ- ပျားအုံကြီးကို ပျားရည်ညှစ်တာမျိုး၊ နွားနို့ ညှစ်တာမျိုး၊ နို့တွေကလမ်းတွေပေါ် မှာ ဖုံးလွှမ်းနေတာ မျိုးအစရှိတဲ့ အိမ်မက်မျိုးပါ။ “ရွှေ နဲ့ လက်ဝတ်ရတနာ”ရွှေဆိုတာက ချမ်းသာကြွယ်ဝမှုရဲ့ လက္ခာဏာတစ်ခုပါ။ကိုယ့်ရဲ့အိမ်မက်ထဲမှာ
ရွှေတွေကိုမြင်မက်ရင် လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ပြေးနမိတ် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အိမ်မက်ထဲမှာ နားကပ်ပန်ရတယ်၊ လက်စွပ်တွေဝတ်ရတယ်ဆိုပြီး မက် တာမျိုးပါ။ အဲ့လိုမက်နေပြီဆိုရင်တော့ မကြာခင်မှာသင်ဝင်ငွေရတော့မှာပါ။
ဥပမာ- အိမ်မက်ထဲမှာ ရွှေချောင်းတွေ၊ ရွှေတုံးတွေရှိတဲ့နေရာ တစ်ရာကိုရောက်တာမျိုး၊လက်ဆောင်ရတာမျိုး၊ နားကပ်တွေ ပန်ရတယ်လို့ အိမ်မက်မက်တာ မျိုးပါ။ “နံပါတ်(၈)”ဂဏန်းနံပါတ် (၈) က တရုတ်နဲ့ အာရှနိုင်ငံတွေမှာဆိုရင်
ကံကောင်းစေတဲ့ နံပါတ်တွေလို့ သတ်မှတ်ခံထားရတာပါ။ဒါပေမယ့် မြန်မာမှာတော့ (၈) ဂဏန်းက မ ကောင်းဘူးဆိုတဲ့ အယူအဆ တစ်ချို့တော့ ရှိပါတယ်။ ဒါပေမယ့်လည်း (၈) က ငွေ၀င်ခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ပြေးအရာတွေထဲက တစ်ခုပါ။ (၈) ဂဏန်းကိုမက်ပြီဆိုရင်တော့ သင်မကြာခင် ငွေကံကောင်းတော့မှာ ဖြစ်ပါတယ်။
“လင်းယုန်” လင်းယုန်ကို မက်တာကလည်း ငွေဝင်မယ့် ရှေ့ပြေးနမိတ် အိမ်မက်ပါ။ လင်းယုန်က တော့ ရဲရင့်မှု၊ သတ္တိရှိမှု ကို ကိုယ်စား ပြုတဲ့ တိရစ္ဆာန်ပါ။ ဂရိဒဏ္ဍာရီမှာ ဆိုရင်လင်းယုန်က
Zeus နတ်ဖုရားရဲ့ ကူညီပံ့ပိုးသူအဖြစ် လက်ခံယုံကြည်ကြပါတယ်။ လင်းယုန်ကို အိမ်မက်မက်ရင် ငွေဝင်မယ်၊ ကြံစည်သမျှ အောင်မြင်မယ်ဆိုတဲ့အယူ ရတယ်။ “မစင် နဲ့ ပိုက်ဆံ”မစင်ကရွံ့စရာလို့ ထင်ပေမယ့် သူ့ကိုအိမ်မက်မက်ရင်တော့ ငွေဝင်တတ်ပါတယ်။ မစင်တွင်းထဲကျတာ၊ ချီးပုံ နင်းမိတာချီးတွေကို တွေ့တာမျိုးတွေ မြင်ရင်မကြာခင်မှာ ငွေဝင်တတ်ပါတယ်။
နောက်တစ်ခုကတော့ ပိုက်ဆံပါ။ပိုက်ဆံတွေကို အိမ်မက်ထဲမှာ အပုံလိုက်မက်ရင်လည်း အပြင်မှာပါ ငွေဝင်တတ်ပါတယ်။ “ဂျုံ၊ စပါး” ဒါတွေကတော့အ ခြေခံမရှိမဖြစ် စားသောက်ကုန်
လို့ ပြောလို့ရပါတယ်။ ဂျုံ၊စပါး ဆိုတာမျိုး က ချမ်းသာခြင်း၊ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အရာတွေပါ။ ဒါကြောင့် သူတို့ကို အိမ်မက်မက်ရင်လည်း ကံကောင်းတတ်၊ငွေဝင် တတ်ပါတယ်။
“အကောင်တွေ”တိရစ္ဆာန်ထဲမှာဆိုရင်တော့နွား၊ ဆင်တွေ၊မြင်းတွေကို မက်တာကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာပဲ ဖြစ်ပါတယ်။ ငှက်ဆိုရင် ကြက်တူရွေး၊ မြွေ၊ ပျား၊ ကင်းမြှီးကောက်၊ ကြွက်တို့ကို မက်ရင်လည်း ငွေဝင်တတ်ပါတယ်နော်။
စာဖတ်သူအပါင်းလည်း ပျော်ရွှင်စရာ နေ့ရက်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Credit:Online Hartha