မက်ဆီဟာ ပီအက်စ်ဂျီအသင်းက နန့်တက်စ်အသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘ၀ ဂိုးပါဝင်ပတ်သက်မှု ၁၀၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ကလပ်ကစားသမားဘဝသွင်းဂိုး ၇၀၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၉၉ ဂိုးရှိခဲ့တာပါ။အဲ့ဒါကြောင့် မက်ဆီဟာ ဂိုးပါဝင်ပတ်သက်မှု ၁၀၀၀ ပြည့်သွားခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ၂၉ ပွဲကစားအပြီးမှာ ၁၈ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။နန့်တက်စ်နဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် မက်ဆီဟာ စီနီယာကစားသမားဘဝသွင်းဂိုး ၇၉၉ ဂိုးအထိရှိသွားခဲ့တာပါ။
အဲ့ဒါကြောင့် မက်ဆီဟာ နောက်ထပ်တစ်ဂိုးသွင်းယူနိုင်ခဲ့ရင် သွင်းဂိုး ၈၀၀ နဲ့ စံချိန်တစ်ခုကိုလည်း ရယူနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။
မက်ဆီဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် မကြာသေးခင်က ချီးမြှင့်ခဲ့တဲ့ ဖီဖာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။ဒါ့အပြင် ဘောလွန်းဒီအောဆုရဖို့အတွက်လည်း တစ်ပေးခြင်းခံနေရတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်အရေးကြီးပွဲကစားရမှာဖြစ်တာကြောင့် မက်ဆီအနေနဲ့ အသင်းကို နောက်တစ်ဆင့်တက်နိုင်အောင် ကူညီပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။
Zawgyi;
မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းက နန႔္တက္စ္အသင္းကို ၄ ဂိုး- ၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ၁ ဂိုးသြင္းယူၿပီးေနာက္ ကလပ္ကစားသမားဘ၀ ဂိုးပါဝင္ပတ္သက္မႈ ၁၀၀၀ ျပည့္သြားခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ကလပ္ကစားသမားဘဝသြင္းဂိုး ၇၀၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၉၉ ဂိုးရွိခဲ့တာပါ။အဲ့ဒါေၾကာင့္ မက္ဆီဟာ ဂိုးပါဝင္ပတ္သက္မႈ ၁၀၀၀ ျပည့္သြားခဲ့တဲ့ သမိုင္းမွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။
မက္ဆီဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ ၂၉ ပြဲကစားအၿပီးမွာ ၁၈ ဂိုးသြင္းယူထားတာျဖစ္ပါတယ္။နန႔္တက္စ္နဲ႔ ပြဲမွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ မက္ဆီဟာ စီနီယာကစားသမားဘဝသြင္းဂိုး ၇၉၉ ဂိုးအထိရွိသြားခဲ့တာပါ။
အဲ့ဒါေၾကာင့္ မက္ဆီဟာ ေနာက္ထပ္တစ္ဂိုးသြင္းယူႏိုင္ခဲ့ရင္ သြင္းဂိုး ၈၀၀ နဲ႔ စံခ်ိန္တစ္ခုကိုလည္း ရယူႏိုင္ဖို႔ရွိေနတာျဖစ္ပါတယ္။
မက္ဆီဟာ လက္ရွိျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ မၾကာေသးခင္က ခ်ီးျမႇင့္ခဲ့တဲ့ ဖီဖာဆုေပးပြဲမွာ အေကာင္းဆုံးအမ်ိဳးသားကစားသမားဆုကို ရယူႏိုင္ခဲ့တာပါ။ဒါ့အျပင္ ေဘာလြန္းဒီေအာဆုရဖို႔အတြက္လည္း တစ္ေပးျခင္းခံေနရတာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္အေရးႀကီးပြဲကစားရမွာျဖစ္တာေၾကာင့္ မက္ဆီအေနနဲ႔ အသင္းကို ေနာက္တစ္ဆင့္တက္ႏိုင္ေအာင္ ကူညီေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။