သေမည့်နေ့ကိုတောင် ရွှေ့ပစ်နိုင်သောယတြာများ

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင် ကျွမ်းကျင်သော ပုဏ္ဏားမိသားစု ရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက်(၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။

ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏။

ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက ” မှန်၏။ အသက်(၆၀) နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟု ဟောကြားလိုက်လေသည်။

ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင် ၁. ဥယျာဉ်စိုက်၏ ၂.နေရန် ဇရပ်ဆောက်၏ ၃. ရေတွင်းတူး၏ ၄.လမ်းဖောက်၏ ။ ၅. တံတားဆောက်၏ စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများ သွားလာရပ်နားမှု အဆင်ပြေနေတော့သည်။

အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။

မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါ ကုသိုလ်များသည် သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ ပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန် တည်လေ၏။

(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း။(၂) အများစားသုံးရန် အရန်စိုက်ခြင်း။(၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း။(၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း။(၅) အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း။(၆) အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း။ တို့သည် သေနေ့ကိုတောင် ရွေ့ပစ်နိုင်သော ယတြာကောင်းများ ဖြစ်လေသည်။

မှတ်ချက်။ ။ “အရန်” စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။

သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။သီတဂူဆရာတော်ဘုရား ဟောကြားတော်မူအပ်သော အာယုဒီပ(၆)ပါးကို အကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။

Credit-ပဌာန်းပူဇော်ကြသူများ page

Sharing by- Daily Posts News

Zawgyi;

ေသမည့္ေန႔ကိုေတာင္ ေ႐ႊ႕ပစ္ႏိုင္ေသာယၾတာမ်ား

ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္က ေဗဒင္ ကြၽမ္းက်င္ေသာ ပုဏၰားမိသားစု ရွိရာတြင္ ပုဏၰားႀကီးသည္ မိမိကိုယ္ကို ေဗဒင္တြက္ၾကည့္ရာ အသက္(၆၀)ျပည့္သည့္ေန႔တြင္ ေသရမည္ကို သိေလ၏။

ထိုအခါ ျမတ္စြာဘုရားကို မကိုးကြယ္ေသာ္လည္း ေသရမည္ကို ေၾကာက္လန္႔၍ ဘုရားထံ သြားေလ၏။

ဘုရားရွင္ထံေရာက္ေသာ္ ျမတ္စြာဘုရားက ” မွန္၏။ အသက္(၆၀) ေနမြန္းတည့္ခ်ိန္တြင္ ေသမည္။ ေသလွ်င္ ေျမာက္ဘက္ ေတာတန္းတြင္ ေမ်ာက္ျဖစ္လိမ့္မည္ ” ဟု ေဟာၾကားလိုက္ေလသည္။

ပုဏၰားလည္း အိမ္ျပန္ၿပီး ေမ်ာက္ဘဝ၌ စားရန္ ေတာတန္းတြင္ ၁. ဥယ်ာဥ္စိုက္၏ ၂.ေနရန္ ဇရပ္ေဆာက္၏ ၃. ေရတြင္းတူး၏ ၄.လမ္းေဖာက္၏ ။ ၅. တံတားေဆာက္၏ စသည္တို႔ကို လုပ္ေသာ္ ထိုအတြက္ေၾကာင့္ လူအမ်ား သြားလာရပ္နားမႈ အဆင္ေျပေနေတာ့သည္။

အသက္(၆၀) ျပည့္၍ မေသေသာအခါ ဘုရားရွင္ထံ သြားေရာက္ အျပစ္တင္ေလ၏။

ျမတ္စြာဘုရားက ကိုယ္က်ိဳးအတြက္ မဟုတ္ဘဲ အမ်ားအတြက္ ျပဳလုပ္ေပးေသာ ေအာက္ပါ ကုသိုလ္မ်ားသည္ ေသေန႔ကိုပင္ ေ႐ႊ႕ပစ္ႏိုင္သည္ဟု ေဟာျပေလရာ ပုဏၰားမိသားစု ဗုဒၶဘာသာသို႔ ကူးေျပာင္း၍ ေသာတာပန္ တည္ေလ၏။

(၁) အမ်ားစားသုံးရန္ ဥယ်ာဥ္စိုက္ျခင္း။(၂) အမ်ားစားသုံးရန္ အရန္စိုက္ျခင္း။(၃) အမ်ားေနရန္ ဇရပ္ေဆာက္ေပးျခင္း။(၄) အမ်ားသြားလာႏိုင္ရန္ လမ္းေဖာက္ေပးျခင္း။(၅) အမ်ားသြားလာႏိုင္ရန္ တံတားေဆာက္ေပးျခင္း။(၆) အမ်ားေသာက္သုံးႏိုင္ရန္ ေရတြင္းေရကန္ တူးေပးျခင္း။ တို႔သည္ ေသေန႔ကိုေတာင္ ေ႐ြ႕ပစ္ႏိုင္ေသာ ယၾတာေကာင္းမ်ား ျဖစ္ေလသည္။

မွတ္ခ်က္။ ။ “အရန္” စိုက္သည္ ဆိုသည္မွာ မိမိေနအိမ္၊ ေနရာ၊ ပတ္ဝန္းက်င္တြင္ အမ်ားအတြက္ သစ္ပင္စိုက္ပ်ိဳးေပးျခင္း ျဖစ္ပါသည္။

ေသေန႔ကို ေ႐ႊ႕ႏိုင္ေသာ ကုသိုလ္ထူးမ်ား ရရွိႏိုင္ၾကပါေစ။သီတဂူဆရာေတာ္ဘုရား ေဟာၾကားေတာ္မူအပ္ေသာ အာယုဒီပ(၆)ပါးကို အက်ဥ္း ေဖာ္ျပျခင္း ျဖစ္ပါသည္။

Credit-ပဌာန္းပူေဇာ္ၾကသူမ်ား page

Sharing by- Daily Posts News

By lulin

Leave a Reply

Your email address will not be published. Required fields are marked *