တောင်ကြီးမြို့မှာ ရက်အကြာကြီးဇာတ်ကားရိုက်ကူးနေတဲ့ သားဖြစ်သူ ဘုန်းမင်းနေလကို သတိရစိတ်နဲ့ လိုက်တွေ့ခဲ့တယ်ဆိုတဲ့ ခင်ဇာခြည်ကျော်

နိုင်ငံကျော် အကယ်ဒမီ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားအကြီးဖြစ်သူ ဘုန်းမင်းနေလကတော့ အကယ်ဒမီရွှေကြိုမောင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ သတိထားအားပေးခြင်းကို ခံခဲ့ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကလည်း သားကြီး ဘုန်းမင်းနေလအတွက် အနုပညာလောကမှာ လျှောက်လှမ်းနိုင်ဖို့ နံဘေးကနေ အစစအရာရာ ကူညီပံ့ပိုးပေးနေတာပဲဖြစ်ပါ တယ်။

လက်ရှိမှာလည်း ဘုန်းမင်းနေလက ဒါရိုက်တာသားညီရိုက်ကူးတဲ့ “မြူမှုန်ဝေးဝေး” ဇာတ်လမ်းတွဲကို ရိုက်ကူးဖို့ တောင်ကြီးမြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလက တောင်ကြီးမြို့မှာ နှစ်လကြာဇာတ်ကားရိုက်ရမှာဖြစ်ပြီး ခင်ဇာခြည်ကျော်က သူမရဲ့သားလေးကို သတိရပြီး တောင်ကြီးမြို့အထိ လိုက်တွေ့ခဲ့ကြောင်းကို “တောင်ကြီး shooting ထိလာတွေ့တဲ့မေမေ🌝❤️” ဆိုပြီး မျှဝေလာပါတယ်။

ခင်ဇာခြည်ကျော်ကတော့ တောင်ကြီးမှာ (၂) လကြာဇာတ်ကားရိုက်မယ့် သားကြီးဘုန်းမင်းနေလကို သတိရတမ်းတခြင်းတွေနဲ့ တောင်ကြီးထိလိုက်ပြီး လိုက်လံတွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်ဇာခြည်ကျော်တို့သားအမိပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Source: Phone Min Nay La ‘s fb

Zawgyi;

ေတာင္ႀကီးၿမိဳ႕မွာ ရက္အၾကာႀကီးဇာတ္ကား႐ိုက္ကူးေနတဲ့ သားျဖစ္သူ ဘုန္းမင္းေနလကို သတိရစိတ္နဲ႔ လိုက္ေတြ႕ခဲ့တယ္ဆိုတဲ့ ခင္ဇာျခည္ေက်ာ္

ႏိုင္ငံေက်ာ္ အကယ္ဒမီ မင္းသမီးႀကီး ခင္ဇာျခည္ေက်ာ္ရဲ႕ သားအႀကီးျဖစ္သူ ဘုန္းမင္းေနလကေတာ့ အကယ္ဒမီေ႐ႊႀကိဳေမာင္တစ္ေယာက္အျဖစ္ ပါဝင္ေဆာင္႐ြက္ခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ႕ သတိထားအားေပးျခင္းကို ခံခဲ့ရသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဘုန္းမင္းေနလကေတာ့ အခုဆိုရင္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနၿပီး ေၾကာ္ျငာေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနၿပီပဲျဖစ္ပါတယ္။ ခင္ဇာျခည္ေက်ာ္ကလည္း သားႀကီး ဘုန္းမင္းေနလအတြက္ အႏုပညာေလာကမွာ ေလွ်ာက္လွမ္းႏိုင္ဖို႔ နံေဘးကေန အစစအရာရာ ကူညီပံ့ပိုးေပးေနတာပဲျဖစ္ပါ တယ္။

လက္ရွိမွာလည္း ဘုန္းမင္းေနလက ဒါ႐ိုက္တာသားညီ႐ိုက္ကူးတဲ့ “ျမဴမႈန္ေဝးေဝး” ဇာတ္လမ္းတြဲကို ႐ိုက္ကူးဖို႔ ေတာင္ႀကီးၿမိဳ႕ကိုေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ ဘုန္းမင္းေနလက ေတာင္ႀကီးၿမိဳ႕မွာ ႏွစ္လၾကာဇာတ္ကား႐ိုက္ရမွာျဖစ္ၿပီး ခင္ဇာျခည္ေက်ာ္က သူမရဲ႕သားေလးကို သတိရၿပီး ေတာင္ႀကီးၿမိဳ႕အထိ လိုက္ေတြ႕ခဲ့ေၾကာင္းကို “ေတာင္ႀကီး shooting ထိလာေတြ႕တဲ့ေမေမ🌝❤️” ဆိုၿပီး မွ်ေဝလာပါတယ္။

ခင္ဇာျခည္ေက်ာ္ကေတာ့ ေတာင္ႀကီးမွာ (၂) လၾကာဇာတ္ကား႐ိုက္မယ့္ သားႀကီးဘုန္းမင္းေနလကို သတိရတမ္းတျခင္းေတြနဲ႔ ေတာင္ႀကီးထိလိုက္ၿပီး လိုက္လံေတြ႕ဆုံခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ခင္ဇာျခည္ေက်ာ္တို႔သားအမိပုံရိပ္ေလးေတြကိုၾကည့္ၿပီး သေဘာက်ၾကမယ္လို႔ ထင္ပါတယ္ေနာ္။

Source: Phone Min Nay La ‘s fb

By lulin

Leave a Reply

Your email address will not be published. Required fields are marked *