သားလေး ဂုဏ်ရှိန်တိုးရဲ့ ရက် (၁၀၀) ပြည့်မွေးနေ့ကို နေအိမ်မှာပဲ ဘုန်းကြီးဆွမ်းကပ်ကုသိုလ်ယူရင်း ကျင်းပခဲ့တဲ့ နေတိုး
နိုင်ငံကျော်ထိပ်တန်းမင်းသား အကယ်ဒမီနေတိုးကတော့ အနုပညာလောကရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လက်လို့ ဆိုနိုင်ပါတယ်။ နေတိုးဟာ သူ့ရဲ့ဘဝတစ်သက်တာမှာ အနုပညာအလုပ်တွေကိုသာလုပ်ကိုင်နေခဲ့တာမို့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အသက်လေးဆယ်ကျော်အရွယ်မှသာ စဉ်းစားနိုင်ခဲ့ပြီး အသက်လေးဆယ်ကျော်မှပဲ တစ်အိုးတစ်အိမ်ထူထောင်ခဲ့တာပဲ ဖြစ်ပါတယ်။
နေတိုးဟာ အခုဆိုရင် သူ့ရဲ့မျိုးဆက် သားလေးတစ်ယောက်ကိုရရှိပိုင်ဆိုင်ထားပြီဖြစ်ပြီး သားလေးကို သူ့ရဲ့ အနုပညာနာမည်ပါအောင် “ဂုဏ်ရှိန်တိုး” ဆိုပြီး အမည်ပေးထားတာပဲဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့သားလေး ဂုဏ်ရှိန်တိုးရဲ့ ရက် (၁၀၀) ပြည့်မွေးနေ့အလှူလေးကို သူ့ရဲ့နေအိမ်မှာပဲပြုလုပ်ခဲ့ပြီး ပရိသတ်တွေအတွက် အမှတ်တရဓာတ်ပုံတွေကို အခုလိုပဲ မျှဝေပေးလာတာကိုတွေ့ရပါတယ်။
နေတိုးကတော့ ဖခင်တစ်ယောက်အဖြစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်မိသားစုဘဝလေးမှာ ပျော်မွေ့နေပြီပဲ ဖြစ်ပါတယ်။ နေတိုးတို့ မိသားစုလေး ထာဝရပျော်ရွှင်အေးချမ်းပြီး နေတိုးတစ်ယောက်လည်း ရှေ့ဆက်ပြီး အနုပညာအလုပ်တွေအများကြီးလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Nay Toe ‘s fb
Zawgyi;
Source: Nay Toe ‘s fb