ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

မန်စီးတီး vs နယူးကာဆယ်

နယူးကာဆယ် အသင်း အားကုန်သွားပြီလို့ ပြောဖို့လောက်ထိ ကျနော် မလုပ်လိုပါဘူး။ ဒါပေမယ့် သူတို့က နည်းနည်းတော့ ပင်ပန်းနေပါပြီ။

သူတို့က မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ အတော် ကြိုးစား ကစားခဲ့ပါတယ်။ ဒါပေမယ့် အဲရစ် တန်ဟက် အသင်းက သက်တောင့်သက်သာ နိုင်သွားခဲ့တယ်။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်း က သူ့အသင်းကို ပြင်ဆင်တာ ကျနော် အတော် သဘောကျတယ်။

အီတီဟက် ကွင်းမှာတော့ နယူးကာဆယ်ကို နည်းနည်း ခက်ခဲတဲ့ ပြိုင်ဘက် အဖြစ် တွေ့ရမှာပါ။ အထူးသဖြင့် ဂိုးရှေ့မှာ နစ်ပုပ် ပြန် ပါလာတာကြောင့်ပေါ့။ ဒါပေမယ့် မန်ချက်စတာ စီးတီးပဲ နိုင်သွားမယ် ထင်ပါတယ်။

စီးတီးကတော့ ဒီပွဲ နိုင်ကို နိုင်မှာ ဖြစ်မှာ။ အခုက ဖိအားတွေ သူတို့ အပေါ် ရောက်နေပြီ၊ ဒီကြားရက်မှာ အာဆင်နယ်က နိုင်ပွဲရသွားတယ်။ ချန်ပီယံ အသင်းက တဖြည်းဖြည်း ပုံပေါ်လာတော့မယ့် အနေအထား ရောက်ပြီ ဖြစ်လို့ သူတို့ ခြေချော်လို့ မရပါဘူး။

ဖီးဖိုဒန် ပြန်ပါလာနိုင်တာက ပက် ဂွာဒီယိုလာ အသင်း အတွက် တကယ်ကို အင်အား ဖြစ်စေမှာပါ၊ သူက သိပ်ကို ကစားတာ ကောင်းနေတယ်။

သူကလည်း ကမ္ဘာ့ဖလားတည်းက စီးတီး အတွက် သေချာ မကစားရသေးဘူး။ သူတို့သာ အာဆင်နယ်ကို လိုက်လံ ဖိအားပေးမယ် ဆိုရင် အကောင်းဆုံး အနေအထားမှာ ရှိနေဖို့ လိုပါတယ်။ ဖိုဒန် ပြန်လာတာက ဒီလို အမြင့်လယ်ဗယ်မှာ ဆက်သွားဖို့ သူတို့ သတင်း ကောင်း ရလိုက်တာပါပဲ။

မန်စီးတီး ၃ – ၁ နယူးကာဆယ်

အာဆင်နယ် vs ဘုန်းမောက်

အာဆင်နယ်က မန်ချက်စတာ စီးတီးကို ရှုံးလိုက်ပြီးနောက် အကောင်းဆုံး ပြန် လာနေတယ်။ သူတို့ ၃ ပွဲ ကစား ၃ ပွဲ နိုင်ထားတာပါ။ ဂန်းနားတွေ ကစားပုံက အညှာအတာ မရှိ အားကုန်ထုတ်နေပြီး ဒီပွဲမှာလည်း သူတို့ အသေအချာ နိုင်မယ့်ဘက်ကလို့ ပြောရမှာပဲ။

ဘုန်းမောက်က အမြဲတမ်း တော်တော် ယှဉ်ဖိုက်တဲ့ အသင်းပါ။ ဒီပွဲက အေးအေးဆေးဆေးနဲ့ လမ်းလျှောက် ပြီးသွားမှာ မဟုတ်ဘူး။ သို့သော် အာဆင်နယ်က ယုံကြည်မှု အပြည့်နဲ့ ခြေစွမ်းကောင်း ရနေပါတယ်။

မီခေးလ် အာတီတာရဲ့ အသင်းဟာ ရာသီမကုန်ခင် ခြေတခါလောက်တော့ ချော်ဦးမှာပဲ၊ ဒါကို သံသယ မရှိဘူး။ ဒါပေမယ့် ဒီ စနေနေ့မှာတော့ မဟုတ်ဘူး။

အာဆင်နယ် ၃ – ၀ ဘုန်းမောက်

အခြားပွဲစဉ်များ အတွက် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ

* Chelsea 1 – 0 Leeds United ———–
* Aston Villa 2 – 0 Crystal Palace——
* Brighton 2 – 1 West Ham United—
* Southampton 1 – 1 Leicester city —
* Nottingham Forest 1 – 1 Everton—
* Brentford 2 – 1 Fulham ————–

By lulin

Leave a Reply

Your email address will not be published. Required fields are marked *